Print

မျက်ဝန်းတစ်ဝိုက် ဖောင်းအစ်ခြင်း ကင်းစေမည့် နည်းလမ်းများ

  29-Sep-2017
Preview Image

 

မျက်လုံးအောက်နားမှာဖောင်းအစ်ပြီးမျက်လုံးအောက်မှာမျက်အိတ် ဖြစ်တာတွေကိုသက်သာစေဖို့ဖော်ပြပါအချက်တွေကိုလေ့လာကြည့်ရအောင်နော်။


အနားပေးပါ

       ကွန်ပျူတာရှေ့မှာဖြစ်စေ၊ တီဗွီကြည့်ချိန်မှာဖြစ်စေ အချိန်အကြာကြီးကြည့်တာမျိုးကို မလုပ်ပါနဲ့ ကွန်ပြူတာနဲ့ တီဗွီစခရင်မ်ရှေ့မှာတစ်နာရီကြာတိုင်း မိနစ်အနည်းငယ်တော့အနားယူပါ။


အိပ်ချိန်မလွန်ကဲပါစေနှင့်

      အိပ်စက်တဲ့အချိန်လွန်ကဲတာကလည်းသင့်မျက်ဝန်းအောက်မှာမျက်ရစ် ဖြစ်စေပါတယ်။နာရီအနည်းငယ်ပိုအိပ်တာကကိစ္စမရှိပေမယ့် တစ်နေ့ အိပ်ရမယ့်အချိန်ရှစ်နာရီထက်ပိုပြီး ဆယ်နာရီ ၁၅ နာရီလောက်အထိ အိပ်မယ်ဆိုရင်အိပ်စက်ချိန်များနေပါပြီ။


ဆေးလိပ်မသောက်ပါနှင့်

     ဆေးလိပ်သောက်သုံးသူနှင့်ဆေးလိပ်ငွေကိုရှူမိသူတွေမှာဆေးလိပ်ကြောင့့် ဖြစ်တဲ့ကျန်းမာရေးပြဿနာတွေကိုရင်ဆိုင်ရနိုင်ပါတယ်။ဆေးလိပ်ငွေ့့ ကြောင့်ေသွေးတွင်းအောက်ဆီဂျင်ရရှိမှုကိုဟန့်တား သလိုဖြစ်စေပြီးသွေးလည်ပတ်မှုပုံမှန်မဟုတ်ဘဲမျက်လုံးတစ်ဝက်နေရာတွေမှာ ဖောင်းအစ်နေစေပါတယ်။


အရက််မသောက်ပါနှင့်

အရက်နေ့စဉ်သောက်သုံးသူတွေမှာမျက်အိတ်တွေဖြစ်နေတတ်ပါတယ်။မျက်ဝန်းတစ်ဝိုက်ဖောင်းအစ်နေပြီးမျက်လုံးတွေလည်းနီမြန်းနေတတ်ပါတယ်။


ဆားလျှော့စားပါ။

    ပုံမှန်လိုအပ်တဲ့ဆိုဒီယမ်ပမာဏထက်ပိုများပြီးသုံးစွဲမိမယ်ဆိုရင်တော မျက်ဝန်းတစ်ဝိုက်ဖောင်းအစ်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။တတ်နိုင်သလောက် ဆားလျှော့စားပါဆားများတဲ့အစာတွေကိုရှောင်ပါ။


တချို့အလှကုန်တွေကိုရှောင်ပါ။

     မိတ်ကပ်တွေလိမ်းပြီးအိပ်ရာဝင်တာမျိုးနဲ့ဓါတုဗေဒပစ္စည်းပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို သုံးစွဲတာကြောင့်လည်းမျက်ဝန်းတစ်ဝိုက်မှာ ဖောင်းအစ်နေတတ်ပါတယ်။မျက်နှာကိုညအိပ်ရာမဝင်ခင်မှာသန့်စင်ပြီး သဘာဝပစ္စည်းတွေကထုတ်တဲ့ eye creamလိမ်းကာအိပ်ယာဝင်ပါ။


Credit : လမင်းလေး(အာရောဂျံ magazine)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18